twitter
googleplus
facebook

IT နည်းပညာ ၀ါသနာပါသူများ Blog မှ ကြိုဆိုပါတယ်

Welcome to IT INFORMATION TECHNOLOGY BLOG Facebook Group Page is https://www.facebook.com/groups/informationtechnologykophyo Thanks to All of My Friends #htmlcaption

ဝါသနာတူများ မန်ဘာဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်

Featured Posts

နောက်ဆုံးတင်သော ပို့စ်များ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, June 2, 2014

Ardamax Keylogger 4.2 Professional Edition With Key 1 Mb (Keylogger အကြောင်းသိကောင်းစရာ) (For PC) (Knowledge)


Ardamax Keylogger 4.2 Professional 
Edition With Key 1 Mb (For PC)


keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ် လုပ်နေပါသည်။ ပိတ်လိုက်လည်းနောက်ကွယ်မှာ လုပ်နေဆဲြ ဖစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ ၎င်းအလုပ် လုပ်နေမှန်း
မသိနိုင်တော့ပါ။ ၄င်းမှ မိမိ keyboard တွင် ရေးလိုက်သမျှ၊ mouse နဲ့ နှိပ်လိုက်သမျှများ အားလုံးအားအချိန်နဲ့ တကွ မှတ်ထား ပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ ကိုယ်ရေး ကိုယ်တာနှင့် သက်ဆိုင်သမျှ
အားလုံးအား ငှင်းဆော့ဖ်ဝဲလ်မှ မှတ်တမ်းတင် ထားပြီးဖြစ်နေ၍ လုံခြုံမှု လုံးဝမရှိနိုင်တော့ပါ။
(All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများ အစရှိ သဖြင့် အစစ အရာရာအား အတိအကျ ပင် ၄င်းက မှတ်သားထားပေးနိုင်တဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါသည်။)



ထိုကဲ့သို့ သောဆော့ဖ်ဝဲလ်မျိုးအား ကွန်ပျူတာတွင် သွင်းထားပြီး လာရောက် သုံးစွဲသည့် သူ၏ လုပ်ဆောင်ချက်များအား အတိ အကျ ထောက်လှမ်းထား နိုင်၍ မိမိတို့ အနေဖြင့် ဆိုင်ဘာကဖီး သို့မဟုတ် တစ်ပါးသူ
၏ ကွန်ပျူတာအား သုံးစွဲတော့မည် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲလ်အား ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်ဖို့ အတွက် အလေ့ အကျင့် လုပ်ထားပါက အကောင်းဆုံးနှင့် လုံခြုံမှု အနည်းငယ် ပို
မို၍ ရှိသွားမှာ ဖြစ်ပါသည်။
မိမိတို့၏ ကိုယ်ရေး ကိုယ်တာ အချက် အလက်များအား သူတစ်ပါးဆီ ပါမသွားနိုင်အောင် လုပ်ရမည့် နည်းလမ်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+Shift+Esc (or) Ctrl+Alt+Del နဲ့  Task manager ကို ခေါ်လိုက်ပါ။Task manager ၀င်းဒိုး တက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာ
ကြည့်ပါ ။
ရှိနေခဲ့လျှင် ထိုကွန်ပျူ တာတွင် keylogger အသုံးပြုထားပြီ ဖြစ်ပါသည်။ထိုသို့တွေ့ရှိပြီ ဆိုလျှင် ၎င်းဖိုင်လ်အား End process ပေးလိုက်ရန် လိုအပ်ပါသည်။
ထိုသို့ end process လုပ်လိုက်ခြင်း အားဖြင့် ၎င်းလုပ်ဆောင်နေသည့် လုပ်ငန်းတွေ အားလုံး ပြီးဆုံး သွားပြီးမိမိ လုပ်ကိုင်နေသည် များကိုလည်း မှတ်ထားတော့မည် မဟုတ်တော့ပါ။
Task Manager ကို အထက်ပါ အတိုင်း ကီးသုံးခု နှိပ်တာ အပြင် window logo+R နှိတ်ပြီး တတ်လာတဲ့Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။
အကောင်းဆုံး နည်းလမ်းမှာ task manager မှာ ရှိနေသော process tab ထဲမှာ ရှိနေတဲ့ ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေး
လိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ရိုးရိုး ယူဆာတွေ အနေနှင့် ဘယ်လို ဖိုင် အမျိုးအစားက အချက်အလက်တွေကို ရီကော့လုပ်တာလဲ ဆိုခြင်းကို မသိနိုင်၍ အန္တရာယ်ကင်းဘေးရှင်း ၄င်း process
tab ထဲတွင် ရှိသမျှဖိုင်လ်များ အားလုံးအား end process လုပ်ပြီး မိမိအသုံးပြုမည့် ဖိုင်လ်ကိုပဲ manuallyခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသော အင်တာနက်ဆိုင်
ကိုသာ သွားရောက် အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် နည်းပညာအရ အဆင့်အတန်း ၎င်းဆိုင်တွင် အသင့်အတင့် မြင့်နေပြီဖြစ် ၍ တော်ရုံ မဟုတ်တော့ဘူးဟူ၍ ယူဆလို့ ရနိုင်နေပါသည်။
ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်း ဝဘ်ပေ့ဂ်ျ မှာတင်လို့ ရသည့် keyloggerနှင့်hardwarkeylogger ဆိုပြီး ရှိနေပါသေးသည်။
၎င်းတို့အား သုံးစွဲထားသည့် ကွန်ပျုတာမှာ ဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။
ဒီကောင်းလေးကိုအသုံပြုမယ်ဆို၇င်အောက်မှာဒေါင်းပါတယ်ဗျာ။


Credit    >>>>>     ကိုအောင်ကျော်ခိုင်(ပုသိမ်)


>>>>>   DOWNLOAD HERE   <<<<<


0 comments:

Post a Comment

 

IT နည်းပညာ ၀ါသနာပါသူများ apk

IT နည်းပညာ ၀ါသနာပါသူများ apk
ဖုန်းထဲတွင် တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ရန် ဒါလေးကို ဒေါင်းထားပါ လိုအပ်ချက်ရှိခဲ့ရင်လည်း comment တွင် ပြောပေးခဲ့ပါ အဆင်ပြေအောင်အတတ်နိုင်ဆုံးပြုလုပ်ပေးသွားမှာပါ

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းများ

ကျေးဇူးတင်ပါတယ်...

ကျေးဇူးတင်ပါတယ်...