Pages

Monday, June 2, 2014

မြန်မာစားသောက်ဆိုင် App mmFoodies apk


မြန်မာစားသောက်ဆိုင် App mmFoodies apk


  
နိုင်ငံတကာမှာလိုပဲ ပြည်တွင်းမှာလဲ နီးစပ်ရာစားသောက်ဆိုင်များကို အလွယ်တကူ ရှာဖွေတွေ့ရှိအောင် ဖန်တီးပေးထားတဲ့
Application
မျိုး ပေါ်နေပါပြီ။ Android Application ပါ။ ဖန်တီးသူ Developer ရဲ့  ကြိုးစားအားထုတ်မှုကိ အသိအမှတ်ပြုမှုအနေနဲ့ ၎င်းတို့ App ကို ယခုလို မျှဝေ ပေးလိုက် ရပါတယ်။


GooglePlay link   >>>
>>>>>   DOWNLOAD HERE   <<<<<

Direct Download   >>>   zippyshare
>>>>>   DOWNLOAD HERE   <<<<<
 
 
Facebook : http://www.facebook.com/mmfoodies

mmFoodies
==========

Foodies ရဲ့ အဓိပ္ပါယ်ကတော့ အစားအစာတွေကို ခုံမင်နှစ်သက်သူလို့ ဖွင့်ဆိုထားပါတယ်။ mm ရဲ့ အဓိပ္ပါယ်ကတော့ Myanmar ကို ကိုယ်စားပြုတာပါ။

mmFoodies ကတော့ စားသောက်ဆိုင်ကောင်းကောင်း ရှာဖွေနေသူများကို ရည်ရွယ်ပါ။ ဥပမာအားဖြင့် သင်က စမ်းချောင်းမှာ နေထိုင်တဲ့ သူတစ်ယောက်ဆိုပါဆို့။ သင် ကမာရွတ်မြို့နယ်ကို ရောက်တဲ့ အခါ စားသောက်ဆိုင် ကောင်းကောင်း လိုက်ရှာနေတဲ့ အချိန်မှာ သင် ကမာရွတ်မြို့နယ်အကြောင်း မသိတဲ့ အခါကျရင် အခက်အခဲ ရှိနိုင်ပါတယ်။ အဲ့ဒီ အချိန်မှာ mmFoodies က သင့်ကို အကူအညီပေးနိုင်ပါတယ်။ mmFoodies ကို ဖွင့်ပြီး သင်ရောက်နေတဲ့ မြို့နယ်ကို ရွေးပြီး ရှာလိုက်ပါက သင်ရောက်နေတဲ့ မြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင်တွေ ကို ပြပေးပါလိမ့်မယ်။ သင်ဖုန်းက wifi/mobile network ဖွင့်ထားတယ်ဆိုရင် map icon ကို နှိပ်လိုက်တာနဲ့ သင်ရောက်ရှိတဲ့ နေရာကနေပြီးတော့ စားသောက်ဆိုင်ရဲ့ တည်နေရာတွေကို mmFoodies က maps မှာ ပြပေးပါလိမ့်မယ်။

သင့်ဖုန်းက wifi/mobile network ဖွင့်ထားတယ်ဆိုရင် ကျွန်တော်တို့ စားသောက်ဆိုင် အသစ်တွေ ထပ်ထည့်လိုက်တဲ့ အခါ သင့်ဖုန်းထဲကို အလိုအလျှောက် စားသောက်ဆိုင်အသစ်များ ရောက်ရှိနေပါလိမ့်မယ်။
Credit    >>>>>      အိုင်တီမင်းသား(နည်းပညာ)




No comments:

Post a Comment