twitter
googleplus
facebook

IT နည်းပညာ ၀ါသနာပါသူများ Blog မှ ကြိုဆိုပါတယ်

Welcome to IT INFORMATION TECHNOLOGY BLOG Facebook Group Page is https://www.facebook.com/groups/informationtechnologykophyo Thanks to All of My Friends #htmlcaption

ဝါသနာတူများ မန်ဘာဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်

Featured Posts

နောက်ဆုံးတင်သော ပို့စ်များ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, June 16, 2014

Android Phone ဘက်ထရီ သက်တမ်းကို တိုးမြှင့်ခြင်း.. (Knowledge)



IT နည်းပညာ ၀ါသနာ ပါသူများ Group မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Android Phone ဘက်ထရီ သက်တမ်းကို တိုးမြှင့်ခြင်း..

--------------------------------------------------------------------------------------------




တကယ်လို့ ဘက်ထရီသာမရှိရင် စမတ်ဖုန်းဟာ ဘာမှအသုံးမ၀င်တော့ပါဘူး။ ဒီနေရာမှာတော့ ဖုန်းရဲ့ဘက်ထရီသက်တမ်းကို ဘယ်လိုတိုးမြှင့်ရမယ်ဆိုတာကို ရှင်းပြပေးသွားပါမယ်။ နေ့တစ်ဝက်ပဲရှိသေးတယ်။ သင့်ရဲ့Android ဖုန်းဟာ ဘက်ထရီကုန်နေပြီဆိုရင် အကြီးအကျယ်ဒုက္ခရောက်တဲ့နေ့လို့ပြောနိုင်ပါတယ်။ စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ကို သတင်းအချက်အလက်တွေနဲ့ အဓိကချိတ်ဆက်ပေးသူဖြစ်လာနေပါပြီ။ ဒီလိုအနေအထားမျိုးမှာ ဘက်ထရီကုန်နေတာက တကယ်ကိုအခြေအနေဆိုးပါတယ်။ 
ဒါကြောင့်မို့ ဒီလိုအဖြစ်မျိုးမဖြစ်ခင် ဘယ်အချက်က ကျွန်တော်တို့ဖုန်းတွေရဲ့ ဘက်ထရီကို ဖြုန်းတီးပစ်နေသလဲဆိုတာကို အဖြေရှာရမှာပါ။ မဖြစ်ခင်က ကြိုကာကွယ်တာလောက် ကောင်းတာမရှိပါဘူး။ တကယ်လို့ ကံကောင်းမယ်ဆိုရင် ဘာ functionality ကိုမှ မထိခိုက်စေပဲ ပြဿနာကို လွယ်လွယ်နဲ့ဖြေရှင်းနိုင်သွားပါလိမ့်မယ်။

Wakelock ပြဿနာ
Android ဟာ တစ်နေ့တခြားဆိုသလို background processes တွေကို ထိန်းချုပ်ရာမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ Google ပလက်ဖောင်းကို သုံးတဲ့သူတွေဟာ အစောပိုင်းနေ့တွေက task killer တွေကနေတစ်ဆင့် ဘယ်လောက် ခက်ခက်ခဲခဲနဲ့ အရင်တုန်းက လုပ်ခဲ့ရတယ်ဆိုတာကို အမှတ်ရနေကြမှာပါ။ ဒါပေမဲ့ Android ကြီးတစ်ခုတည်း သပ်သပ်နဲ့ကတော့ ဘက်ထရီ ပြဿနာရဲ့ အဓိကအရင်းမြစ်မဟုတ်ပါဘူး။ မှားယွင်းတဲ့ app တွေ စုဖွဲပုံကသာ Android ရဲ့ အပျံစား process management scheme ကြီးကို ပြဿနာပေါ်စေတာပါ။
သမာရိုးကျအတွေးအခေါ်နဲ့ဆိုရင်တော့ multitasking interface ကိုဖွင့်ပြီး ကိုယ်မသုံးတဲ့ app တွေကို ပိတ်လိုက်မယ်ဆိုရင် ဘက်ထရီ သက်တမ်းပိုရှည်မယ်လို့ထင်ရပေမယ့်၊ ဒါဟာ အတွေးအခေါ်မှားကြီး သပ်သပ်ဆိုတာထက် ဘာမှမပိုပါဘူး။ Android အနေနဲ့ background tasks တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ multitasking interface ကနေ app တွေကို လှမ်းပိတ်လိုက်တာက foreground process တွေကိုပဲ ပိတ်ပေးနိုင်တာပါ။ တကယ်တမ်း ပြဿနာဖြစ်နေတာက background process တွေကဖြစ်နေတာပါ။ ဒါကြောင့်မို့ ဒီလိုလုပ်တာက အလကားသက်သက်အချိန်ဖြုန်းနေသလိုပါပဲ။
Android OS ထဲမှာ stock အနေနဲ့ပါလာတဲ့ battery use menu က အတော်လေးအသုံးဝင်ပေမဲ့ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖြေရှင်းပေးနိုင်ပါတယ်။ အဲဒီမှာပေါ်နေတဲ့ app တွေက ကိုယ်တကယ်သုံးလို့လာပေါ်နေတာပါ။ ဒါတွေက ကိုယ်သိပြီးသား အကြောင်းတွေပဲ။ တကယ်တမ်း ဘက်ထရီကို ခိုးသုံးနေတဲ့ system process နဲ့ app packages တွေကတော့ အဲဒီ menu ပေါ်မှာတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ 'Awake' နဲ့ 'Screen on' ဆိုတဲ့ လိုင်းတွေကတော့ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ awake က screen on ထက်များနေရင် တစ်ခုခုကတော့ ဖုန်းကို sleep လုပ်ဖို့မှာ ပြဿနာပေးနေပါပြီ။ ဒါကို wakelock လို့ခေါ်ပါတယ်။ ဘက်ထရီသက်တမ်းကို အဓိကနှေက်ယှက်နေတဲ့ ပြဿနာပါပဲ။
App မှမဟုတ် service တစ်ခုက process တစ်ခုကို run မယ်ဆိုရင် CPU ကို သွားနှိုးရတယ်။ ဒါကပုံမှန်အားဖြင့်ဆို ပြဿနာမရှိပါဘူး။ App အနေနဲ့ သူလုပ်စရာရှိတာ လုပ်ပြီးရင် device ကို ပြန်ပြီး sleep လုပ်ပေးလိုက်မှာပါ။ ဒါပေမဲ့ ပြဿနာရှိတဲ့ အနေအထားတွေ၊ bug တွေက wakelock ကို အကြာကြီးဖြစ်နေစေပြီး၊ ကိုယ့်ဖုန်းကို လုံးဝ sleep လုပ်လို့မရအောင် လုပ်ထားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်းကြာကြာ သုံးချင်တယ်ဆိုရင် ဘယ်အချက်က ဖုန်းကို sleep ဖြစ်မသွားအောင် လုပ်နေတယ်ဆိုတဲ့ ပြဿနာကိုရှာရမှာပါ။

ပြဿနာကို အဖြေရှာခြင်း
Wakelock ဘာလို့ဖြစ်ရတယ်ဆိုတာ ရုတ်တရက် အဖြေရှာဖို့ခက်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် screen off ဖြစ်နေပြီး၊ sleep mode ဖြစ်နေသလိုပါပဲ။ သဲလွန်စတစ်ခုအနေနဲ့ သိနိုင်တာက ဖုန်းကနေပူနေတာပါ။ CPU အလုပ်မလုပ်ဘူးဆိုရင် ဖုန်းကအေးနေသင့်ပါတယ်။ တကယ်လို့ကိုင်ကြည့်တဲ့အခါ ပူနေရင် တစ်ခုခုတော့မှားနေပါပြီ။
နောက်တစ်ခုက system Monitor လို app မျိုးကိုသုံးပြီး CPU clock speed ကို လှမ်းကြည့်နိုင်ပါတယ်။ ဒီ app က CPU activity ကို percentage နဲ့ ပြပေးပါတယ်။ တကယ်လို့ဖုန်းကို တရားလွန်သုံးမနေဘူးဆိုရင် Deep Sleep ဟာ chart ထဲမှာ အစိတ်အပိုင်းအများဆုံးပါဝင်နေရမှာပါ။ app ဒါမှမဟုတ် system process တစ်ခုခုမှားနေရင် တော့ အဲဒီလိုဖြစ်နေမှာ မဟုတ်ပါဘူး။
ဘယ်အချက်က ဘက်ထရီကို သက်တမ်းတိုးစေလဲဆိုတာကို သိရဖို့ပိုပြီး နက်နက်ရှိုင်းရှိုင်းလေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Better Battery Stats ဆိုတဲ့ app ကို သုံးနိုင်ပါတယ်။ ဒီ app အတွက် အခမဲ့ beta build ကို developer တွေက XDA ဖိုရမ်မှာ တင်ပေးထားပါတယ်။ Google Play မှာလည်း ၀ယ်ယူနိုင်ပါတယ်။ Root လုပ်ထားတဲ့ လူတွေအဖို့ ပိုပြီးအခက်အလက်တွေ ရနိုင်တယ် ဆိုပေမယ့်၊ wakelock ပြဿနာကို ဖြေရှင်းဖို့အတွက်တော့ root မလုပ်ထားလည်းရပါတယ်။
Calibrate လုပ်ဖို့အတွက် app ကို ၂နာရီ၊ ၃နာရီလောက်အချိန်ပေးလိုက်ပါ။ Kernel Wakelocks တွေအတွက် filter လုပ်ပြီး ပလတ်ဖြုတ်လိုက်ပါ။ စာရင်းရဲ့ အပေါ်ဆုံးမှာ wakelock time အမြင့်ဆုံးသူတွေကို ပြပေးပါမယ်။ ဒါတွေက ပြဿနာတွေပါ။ Kernel Wakelock တွေဟာ suspend backoff နဲ့ wlan လို system processes တွေဖြစ်ပါတယ်။ BBS Battery Stats မှာ wakelock အချို့အတွက် link တွေပေးထားပြီး ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းတွေကို ညွှန်ပြပေးထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း system process ရဲ့ အကြောင်းကို အသေးစိတ်ရှာဖွေပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို ရှာကြည့်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ reboot လုပ်လိုက်တာနဲ့ ပြဿနာတွေက ပြေလည်သွားတတ်ပါတယ်။
တကယ်လို့များ ပြဿနာရှိတဲ့ app တစ်ခုကို ကိုယ့်ဖုန်းပေါ်မှာရှိတယ်ဆိုရင် Power Manager Service listing မှာ သွားပြီး စစ်ဆေးနိုင်ပါတယ်။ ဒါက app ကြောင့်ဖြစ်တဲ့ partial wakelocks တွေကိုဖြေရှင်းပေးနိုင်ပါတယ်။ Root လုပ်ထားတဲ့ သူတွေကတော့ app တွေထဲက partial wakelocks တွေကိုတောင် မြင်နိုင်တယ်။ လက်တွေ့ ပြဿနာဖြေရှင်းနည်းကတော့ ပြဿနာရှိနေတဲ့ app ကို ဖြုတ်လိုက်ပါ။ BBS ထဲမှာ custom reference point ကိုမှတ်လားပြီး ဖုန်းကို sleep လုပ်လိုက်ပါ။ ပြီးတော့ wakelock တွေကို ပြန်ယှဉ်ကြည့်ပါ။ Power Manager Service မှာ sleep time တွေ တက်လာတယ်ဆိုရင် ပြဿနာဖြေရှင်းပြီးပါပြီ။
ပြဿနာတော်တော်များများမှာက app ကြောင့်ဖြစ်ရတာပါ။ အလွယ်ဆုံးနည်းကတော့ အဲဒီ app ပဲဖြစ်ဖြစ်၊ ဂိမ်းပဲဖြစ်ဖြစ် ဖြုတ်လိုက်တာပါပဲ။ ဒါပေမဲ့ အဲဒီ app ကိုလည်းသုံးချင်တယ် ဘက်ထရီလည်း မစားစေချင်ဘူးဆိုရင်တော့၊ process ကို safe ဖြစ်ဖြစ် ပိတ်နိုင်ဖို့လိုလားပါမယ်။ Android မှာ hibernating processes ကို လုပ်နိုင်ဖို့ built-in နည်းလမ်းတွေပါလာပါတယ်။ ဒီနည်းကို Greenify ဆိုတဲ့ app ကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်။
Greenify ကိုသုံးပြီး ပြဿနာဖြစ်နေတဲ့ app တွေကိုရှာပါ။ app ကိုသုံးပြီးတာနဲ့ hibernate button ကိုနှိပ်လိုက်ရုံပါပဲ။ Greenify ဟာ root access ရှိရင် ပိုအဆင်ပြေမယ့်၊ in-app button ကို နှိပ်ပြီးတော့လည်း hibernating လုပ်နိုင်ပါတယ်။


Credit    >>>>>     မောင်သုတ


>>>>>   DOWNLOAD HERE   <<<<<


ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)


0 comments:

Post a Comment

 

IT နည်းပညာ ၀ါသနာပါသူများ apk

IT နည်းပညာ ၀ါသနာပါသူများ apk
ဖုန်းထဲတွင် တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ရန် ဒါလေးကို ဒေါင်းထားပါ လိုအပ်ချက်ရှိခဲ့ရင်လည်း comment တွင် ပြောပေးခဲ့ပါ အဆင်ပြေအောင်အတတ်နိုင်ဆုံးပြုလုပ်ပေးသွားမှာပါ

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းများ

ကျေးဇူးတင်ပါတယ်...

ကျေးဇူးတင်ပါတယ်...