twitter
googleplus
facebook

IT နည်းပညာ ၀ါသနာပါသူများ Blog မှ ကြိုဆိုပါတယ်

Welcome to IT INFORMATION TECHNOLOGY BLOG Facebook Group Page is https://www.facebook.com/groups/informationtechnologykophyo Thanks to All of My Friends #htmlcaption

ဝါသနာတူများ မန်ဘာဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်

Featured Posts

နောက်ဆုံးတင်သော ပို့စ်များ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, May 15, 2014

အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးအား တိုက်ရိုက်ကြားခံ ဆက်သွယ်ပေးနိုင်သည့်စနစ် MyanTalk စီစဉ်


အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးအား တိုက်ရိုက်ကြားခံ ဆက်သွယ်ပေးနိုင်သည့်စနစ် MyanTalk စီစဉ်



 MyanTalk တွင် အင်တာနက်မှ ဖုန်းခေါ်ဆိုနိုင်သည့်အပြင် အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးတို့အား တိုက်ရိုက်ကြားခံဆက်သွယ်ပေးနိုင်သည့် နည်းပညာဝန်ဆောင်မှုကိုပါ ထည့်သွင်းစီစဉ်ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“MyanTalk အကောင့်ရှိသူက အင်တာနက်မရရှိတဲ့ အဝေးဖုန်းနှစ်လုံးကို ကြားခံဆက်သွယ်ပေးတဲ့ အင်တာနက်ဖုန်း ဆက်သွယ်မှု ဖြစ်ပါတယ်” ဟု ဆိုသည်။ အဆိုပါ Phone 2 Phone စနစ်အား အသုံးပြုနည်းအနေဖြင့် ပထမဦးစွာ မိမိ၏ Desktop (သို့) Laptop ကွန်ပျူတာတွင် MyanTalk Application အား ဖွင့်ရမည်ဖြစ်သည်။ ယင်းနောက် MyanTalk အကောင့်ဖြင့် Login ဝင်ရောက်ကာ Phone 2 Phone စနစ်သို့ သွားရောက်ရမည်ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ပြီးစီးပါက "Your own phone number" တွင် ဖုန်းခေါ်ဆိုမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ယင်းနောက် "Destination phone number" တွင် ဖုန်းလက်ခံမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်များ ဆောင်ရွက်ပြီးစီးပါက Call Button ကို နှိပ်ကာ အင်တာနက်မရရှိသော ဖုန်းနှစ်လုံးသို့  ကြားခံဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ Phone 2 Phone ဝန်ဆောင်မှုနှင့် ပတ်သက်၍ အခက်အခဲရှိပါက support@myantalk.com (သို့မဟုတ်) ဖုန်း ၀၉-၇၃၁၃၅၅၈၅ သို့ မေးမြန်းနိုင်ကြောင်း ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VoIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် MyanTalk ဝန်ဆောင်မှုကို ယခုလမှ စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ MyanTalk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VoIP ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ MyanTalk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဖုန်းအမျိုးအစားကိုမဆို MyanTalk အကောင့်ရှိပါက အွန်လိုင်း SMS ပေးပို့နိုင်ရန်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေရာအနှံ့သို့လည်း မည်သည့်မိုဘိုင်းဖုန်း အမျိုးအစားကိုမဆို MyanTalk အကောင့်ဖြင့် အွန်လိုင်း SMS ပေးပို့နိုင်ကြောင်း ဆိုသည်။
















0 comments:

Post a Comment

 

IT နည်းပညာ ၀ါသနာပါသူများ apk

IT နည်းပညာ ၀ါသနာပါသူများ apk
ဖုန်းထဲတွင် တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ရန် ဒါလေးကို ဒေါင်းထားပါ လိုအပ်ချက်ရှိခဲ့ရင်လည်း comment တွင် ပြောပေးခဲ့ပါ အဆင်ပြေအောင်အတတ်နိုင်ဆုံးပြုလုပ်ပေးသွားမှာပါ

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းများ

ကျေးဇူးတင်ပါတယ်...

ကျေးဇူးတင်ပါတယ်...