Pages

Sunday, May 11, 2014

Autorun ဆိုတာဘာလည်း.............??? (Knowledge)


Autorun ဆိုတာဘာလည်း.............???




 
 
 
Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင် Program တစ်ခုကို အလိုအလျောက်လုပ်ဆောင်
နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။ဥပမာ A.exe ဆိုသော Program ကို USB သို့မဟုတ်
CD/DVD တို့မှ ကွန်ပျူတာသို့ချိတ်ဆက်လိုက် သောအခါ ၄င်း Device များထဲမှ အသက်ဝင်စေ
ချင်သော ဖိုင်များကို အကြမ်းဖျဉ်း ‘Open=A.exe” ဆိုပီး ရေးသည့်အတွက်ကြောင့်
ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်အခါ အလိုအလျှောက်လုပ်ဆောင်နိုင်ပါတယ်။
အဲဒီ Autorun ဖိုင်တွေထဲမှာမှ
.........

  • [autorun]
  • icon=CZ442.ico
  • label=z@Rn1
  • open=A.exe
  • action=Click ok to run ptach update for windows
  • shell\open\command=A.exe
[OR]
  • shell=start shell\start\command=path/
  • A.exe
  • shell\start=Run Application
  • shell\read\command=notepad.exe files/readme.txt
  • shell\read=open readme.txt 

စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။ဒီတော့ ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦးတည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့၎င်းAutorun File နှစ်ခုကို တစ်တွဲတည်းထားမှ (ကွန်ပျူတာအတွင်း Autoplay Policy မှာလည်း Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။) USB/CD-DVDDevices များမှတဆင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်လုပ်ဆောင်မှာ   ဖြစ်ပါတယ်။ အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်……..ကွန်ပျူတာအသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှ Autorun Services ကိုပိတ်ထားသင့်ပါတယ်။ ဒါမှလည်း သင့်စက်ထဲကို
သင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက ၂၅% နှုန်းလောက်သာရှိပါမယ်။
 
 
 
Credit     >>>>>     Cristiano Zarni 
                              ဘလော့ခရီးသည်




No comments:

Post a Comment