Pages

Tuesday, May 13, 2014

ဆော့ဝဲမလိုသော Android ဖုန်း Gallery တွင် ပုံ၊ဗီဒီယိုဖိုင်တွေ ဖျောက်ထားနည်း ( .nomedia ဖိုင်လေးရဲ့အစွမ်း) Knowledge


ဆော့ဝဲမလိုသော Android ဖုန်း Gallery တွင် ပုံ၊ဗီဒီယိုဖိုင်တွေ ဖျောက်ထားနည်း ( .nomedia ဖိုင်လေးရဲ့အစွမ်း)


အသုံးဝင်မယ်ထင်ပါတယ်...ပုံမှန်အတိုင်းဆို Android ဖုန်းတွေမှာ Gallery ကိုဖွင့်လိုက်တာနဲ့ဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေတွေကို ထုတ်ပေးပါလိမ့်မယ်...သင့်အနေနဲ့ မပေါ်စေချင်တဲ့ ဗီဒီယိုဖိုင်တွေရှိမယ်ထင်ပါတယ် ပုံတွေအပါအ၀င်ပေါ့...ဒီနည်းလမ်းအတွက် ဆော့ဝဲ မလိုပါဘူးခင်ဗျာ...အောက်မှာ ပုံနှင့်တကွရှင်းပြထားပါတယ်။သတိမထားမိလို့ပါ။ Viber မှာဆိုရင် user photo နဲ့ sharing photo တွေကို Gallery မှာ မတွေ့ရပါဘူး..File manager ကနေ viber ဖိုင်ထဲက user photo ဖိုဒါထဲဝင်ကြည့်ပါ။ .nomedia ဖိုင်လေးရှိနေပါတယ်။အဲဒါလေးကိုဖျက်ထုတ်လိုက်မယ်ဆိုရင် user photo ထဲက ပုံတွေ Gallery မှာတွေ့ရပါမယ်...ဒါကြောင့်ဒီနည်းလေးမျှဝေလိုက်ပါတယ်
ဘာမှလည်းလုပ်စရာမယ်မယ်ရရမရှိပါ။ မပေါ်စေချင်တဲ့ဓါတ်ပုံ ဖိုဒါထဲဝင် ပြီး ဖိုင်လေးတစ်ဖိုင်တည်ဆောက်ပေးလိုက်ရုံပဲဖြစ်ပါတယ်ခင်ညာ။

 သင့်ဖုန်းထဲမှာ video ဆိုတဲ့ဖိုဒါထဲမှာ ဗီဒီယိုဖိုင်တွေရှိပြီးတော့ သင့်က Gallery ကိုဖွင့်လိုက်ရင် ဒီဗွီဒီယိုတွေမပေါ်စေချင်ဘူးဆိုပါစို့။(ဓါတ်ပုံတွေရောပေါ့နော်)
 
1/ဖိုင်မန်နေဂျာတစ်ခုခုကနေ video ဖိုဒါထဲဝင်လိုက်ပါ။


 
2/ဖုန်းရဲ့ menu key ကိုနှိပ်ပြီး New ကနေ တစ်ဆင့် File ကိုရွေးပေးလိုက်ပါ။





 
 ဒါဆိုရင် new file အတွက်နာမည်ပေးတဲ့နေရာရောက်ပါလိမ့်မယ်။ ဖိုင်နာမည်ကို
   .nomedia      လို့ပေးလိုက်ပါ။စာလုံးမမှားနဲ့နော်။   .nomedia   ပါ။
 
3/  ပြီးရင် အိုကေလိုက်ပါ။.nomedia is created ဆိုတာလေးစောင့်ပေးပါ။



 
 ဒါပါပဲ Gallery  ကို restart ပြန်ဖွင့်လိုက်ပါ။ video file ပေါ်မလာတော့ပါ။ ဒီလိုပါပဲ ဓါတ်ပုံတွေအတွက်ဆိုလည်း ဓါတ်ပုံရှိနေတဲ့ဖိုဒါထဲကို  .nomedia ဆိုတဲ့ ဖိုင်လေးတစ်ခု တည်ဆောက်ပေးလိုက်ပါ။
ပုံတွေ Gallery မှာပြန်ပေါ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုတာ သိကြမှာပါနော်...


Credit   >>>>>     ဘလော့ခရီးသည်

ပို့စ်ရေးသူ-HanWaiLinn(www.sayyoethe.blogspot.com)
https://www.facebook.com/hanwailinn.hanwailinn 








No comments:

Post a Comment