Pages

Friday, April 25, 2014

Jailbreak ပြုလုပ်ထားသော iOS Device များတွင် Malware စတင်တွေ့ရှိ

+++++++++++++++++++++++++++++++++++++++++++++++

IOS ကို security အလွန်ကောင်းတဲ့ OS တစ်ခုအဖြစ်လူသိများပါတယ်။
ဒါပမေဲ့ အခုအချိန်မှာတော့ Jailbreak လုပ်ထားတဲ့ Device တွေမှာ Malware စတင်တွေ့ရှိခဲ့ပါတယ်။ Malware နာမည်ကတော့ Unflod ဖြစ်ပါတယ်။
Unflod ကတော့ Apple ID နဲ့ Password တွေကိုခိုးယူပြီး တရုတ်ပြည်ကိုပို့နေပါတယ်။ ဘယ်ကိုပို့လဲတော့ အတိအကျမသိရသေးပါဘူး။
ကိုယ့်စက်မှာUnflod ရှိမရှိသိချင်ရင်တော့ File Manager တစ်ခုခု (e.g. iFile) ကိုအသုံးပြုပြီး/Library/MobileSubstrate/DynamicLibraries ထဲကိုသွားပါ
unflod.dylib ဆိုတာတွေ့ရင်တော့ရှိနေပါပြီ။
Unflod ရှိနေရင်တော့iFileထဲက /Library/MobileSubstrate/DynamicLibraries/unflod.dylib ကိုဖျက်ပြီးApple ID နဲ့ Password ပြောင်းပါ။
ဒါပမေဲ့ ကျွမ်းကျင်သူတွေအဆိုအရ unflod.dylib ကိုဖျက်ပစ်ရုံနဲ့မရသေးဘဲ restore ပြန်လုပ်သင့်ပါတယ်တဲ့။

Restore လုပ်လိုက်ရင်တော့ jailbreak ပျက်မှာဖြစ်ပြီး iOS7.1 မှာ jailbreak မရသေးပါဘူး။
Unflod အဝင်မခံချင်ရင်တော့ Source တွေကိုလျှောက်မထည့်ပါနဲ့။
ကိုယ်အသုံးတည့်တဲ့ source အနည်းဘဲထည့်ပါလို့အကြံပြုပါရစေ....

Credit   >>>>>     သန်းတိုးအောင်မှတ်စု

Ref - iMyanmarNews,pyinmanathar

No comments:

Post a Comment