Pages

Friday, April 25, 2014

Google Play Store မပါတဲ့ Android ဖုန်းတွေကို Play Store ထည့်သွင်းနည်းပါ ...................




Google Play Store မပါတဲ့ Android ဖုန်းတွေကို Play Store ထည့်သွင်းနည်းပါ   ................... 

ကျွန်တော်စမ်းသပ်ပြီးအဆင်ပြေသွားလို့တင်ပေးလိုက်တာပါ
Post ရေးသားသူ --->>> mobilezone(ပုသိမ်နည်းပညာ)

Google Play Store App မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်လို့ရနိုင်လားဆိုပြီး မေးနေကြလို့ လက်လှမ်းမှီသလောက် မျှဝေပေးလိုက်ပါတယ်...။ များသောအားဖြင့် တရုတ်ကလာတဲ့ Android ဖုန်းတွေမှာ Google Play Store Market ပါမလာတတ်ပါဘူး... ဒီအတွက် Play Store ကို အသုံးပြုနိုင်အောင် ပြုပြင်ပေးလို့ရနိုင်ပါတယ်..။ အရေးကြီးတာက Play Store ထည့်သွင်းမဲ့ Android ဖုန်းက Root ဖြစ်ထားဖို့လိုပါတယ်...။
အရင်ဆုံး လိုအပ်တဲ့ဖိုင်တွေ အရင်ဒေါင်းလိုက်ပါ --->>>>


https://www.dropbox.com/s/y8kfb6n7bxvqwk8/Google_Play-v3.8.17.zip


ကွန်ပြူတာထဲရောက်ရင် zip ဖြည်လိုက်ပါ အားလုံး ၄ မျိုးပါလာပါလိမ့်မယ်
root explorer apk ကို အရင် install လုပ်ပါ။
GoogleServicesFramework.apk , GoogleLoginService.apk နဲ့ Google Play v3.8.17.apk တို့ကို ကွန်ပျူတာမှ တဆင့် ထည့်ပါ.. (SD Card ထဲ Copy ကူးထည့်လည်းရပါတယ်)..။
Root Explorer ကိုဖွင့်ပါ SD Card မှာ စောစောက ထည့်ထားတဲ့ APK သုံးခုကိုရှာပါ.. တွေ့ရင် Copy ကူးပါ.. ပြီးရင် System > App folder ကိုသွားပါ ရောက်ရင် အပေါ်နားက Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O သို့ ပြောင်းလဲလိုက်ပါ.. R/O ဖြစ်သွားပြီဆိုရင် Root Explorer အောက်ခြေနားမှ Paste ကို နှိပ်ပေးလိုက်ပါ..။
ဖုန်းကို Reboot ချပေးလိုက်ပါ.. (ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ) ။
ဖုန်းပြန်တတ်လာရင် Google Play Store ကို Gmail , Password တွေနဲ့ log in ဝင်ပြီး စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ...။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ......................၊၊

No comments:

Post a Comment