Pages
▼
Friday, April 25, 2014
Facebook အကောင့်တွေကို Unlock ပြန်လုပ်နည်း...
Facebook အကောင့်တွေကို Unlock ပြန်လုပ်နည်း...
လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့ Facebook အကောင့်တွေကို Unlock လုပ်ရာမှာ ပဲ ဖြစ်ဖြစ် … ကိုယ့်ရဲ့ ကိုယ်ပိုင် Facebook အကောင့်ကို ကိုယ်ပိုင် ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်
ဒီနည်းလေးကို သုံးနိုင်ပါတယ် … အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့ ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ် ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့
အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ .. ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲကအောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ
Image and video hosting by TinyPicအောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်
ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ
ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ ပြီးရင် Continue ကို နှိပ်လိုက်ပါ ..နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ်..Facebookက ပြောတဲ့စကားသံဟာ တော်တော်မြန်တဲ့အတွက်
သချာနားထောင်ဖို့တော့ လိုပါတယ် .. ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..
တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..
အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ …
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် .. အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် …
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ … ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ
၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြုံရပါတယ် .. သတိထားမိတာတစ်ခုက မနက် အစောပိုင်း
( ၄ နာရီနဲ့ ၇ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..
အဆင်ပြေပါစေဗျာ......................................................................................
Credit-http://sawmicromyaw.blogspot.com






No comments:
Post a Comment