twitter
googleplus
facebook

IT နည်းပညာ ၀ါသနာပါသူများ Blog မှ ကြိုဆိုပါတယ်

Welcome to IT INFORMATION TECHNOLOGY BLOG Facebook Group Page is https://www.facebook.com/groups/informationtechnologykophyo Thanks to All of My Friends #htmlcaption

ဝါသနာတူများ မန်ဘာဝင်ကြပါရန် ဖိတ်ခေါ်ပါတယ်

Featured Posts

နောက်ဆုံးတင်သော ပို့စ်များ

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, May 6, 2014

SAMSUNG ဖုန်းဝယ်မယ့်သူများ ကိုယ်ဝယ်မည့်ဖုန်း အရည်အသွေးအနေနဲ့ သံသယမဖြစ်ရအောင် စစ်ကြည့်နိုင်မယ့်နည်းလမ်းကောင်းများ (Knowledge)


SAMSUNG ဖုန်းဝယ်မယ့်သူများ ကိုယ်ဝယ်မည့်ဖုန်း အရည်အသွေးအနေနဲ့ သံသယမဖြစ်ရအောင် စစ်ကြည့်နိုင်မယ့်နည်းလမ်းကောင်းများ




SAMSUNG ပရိသတ်တွေအတွက် လျှို့ဝှက်ကုဒ်အညွှန်းအချို့
******************************************
အခု ခေတ်မှာ ဖုန်းဆိုင်တွေများပြားစွာ ပေါ်ပေါက်နေတာဖြစ်လို့အရည်အသွေးအနေနဲ့ သံသယမဖြစ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ထက် ဈေးသက်သာလို့ ဈေးကြီးလို့ စိတ်ထဲတစ်မျိုး ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ပေါ့ ကိုယ်ရဲ့ ဖုန်းဟာ ဘယ်လိုအရည်အသွေး၊ ဘယ်လိုစွမ်းဆောင်ရည်ရှိတယ်ဆိုတာ လူတိုင်းသိချင်ကြမှာပဲလေ ။ ကောင်းပါပြီ။ အောက်မှာ ကြည့်လိုက်ပါဦး Android version 4.0 အထက်မှာဆိုရင်တော့ *#7353# အဲကုဒ်လေးက အကုန်အဆင်ပြေပါတယ် sensor အကုန်လုံးကို စစ်နိုင်ပါတယ်... ဒါပေမယ့် အောက်က ကုဒ်လေးတွေကိုတော့ 4.0 အောက်မှာ သုံးနိုင်ပါသေးတယ်..
ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ အတွက် *#*#4636#*#* ကိုနှိပ်ပါ။ သင့်သိချင်တဲ့ IMEI ကုတ်၊ မိမိရဲ့ဖုန်းနက်ဝမ်၊ ဖုန်းဝန်ဆောင်မူထဲမှာ ရှိမရှိသိရှိစေမှာ ဖြစ်ပါတယ်။ ဘတ္တရီနဲ့ ပတ်သက်တဲ့ အချက်တွေ အပြင် ဖုန်းမှာ သုံးထားတဲ့ ကိန်းဂဏန်းဇယားတွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။
Touch Screen စမ်းသပ်ရန်အတွက် ဒီစမ်းသပ်ချက်လေးက ဖုန်းမ၀ယ်ခင်လေးမှာ တော်တော် အသုံးဝင်ပါလိမ့်မယ်။ ဖုန်းတစ်လုံးရဲ့ Touch Screen အရည်အသွေးကို သိရှိစေနိင်ပါတယ်။ ဒီအတွက် *#*#2664#*#* ကိုနှိပ်ပါ ဗျာ။ Touch screen version အတွက်ကတော့ *#*#2663#*#* ကိုနှိပ်ပါ။
ဖုန်းခေါ်လိုက်တာနဲ့ လက်နဲ့ပွတ်စရာမလိုပဲ နားနဲ့ကပ်ရုံနဲ့ ဖြေကြားနိင်တဲ့ proximity sensor ကိုစမ်းသပ်ဖို့အတွက် *#*#0588#*#* ကိုနှိပ်ပါ။ ဖုန်းတစ်လုံးမှာ RAMက လည်းအရေးကြီးပါတယ်။ တစ်ချို့ဖုန်းတွေက အပြင်မှာ RAM ဘယ်လောက်ဘယ်လောက်ဆိုပြီး ရေးထားပေမဲ့လို့ တစ်ကယ်တမ်း တရားဝင်မဟုတ်တဲ့ ဖုန်းတွေဖြစ်နေတတ်ပါတယ်။ ကဲ ကိုယ်ဖုန်းက အတုလား အစစ်လားဆိုတာ RAM အတွက် *#*#3264#*#* ကိုနှိပ်လိုက်ပါဦး။ Null ဆိုရင်တော့ တရားမ၀င်လို့ဖော်ပြထားတာဖြစ်ပါတယ်။
Music ကြိုက်တဲ့ ကိုကို မမများ ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ မယ်လိုဒီ စမ်းသပ်ဖို့အတွက်ကတော့ *#*#0673#*#* ကိုနှိပ်ကာ စမ်းကြည့်ပါ။ တုန်ခါမူ Vibration အတွက် *#*#0842#*#* ကိုနှိပ်ကာ စမ်းပါ။ ဖုန်းတစ်လုံးရဲ့ အရောင်ကာလာကောင်းမွန်မူ၊ အာရုံခံ Accelerometer တွေကောင်းမကောင်း၊ စပီကာကောင်းမကောင်း၊ ကင်မရာကြည်မကြည်ဆိုတာတွေ အားလုံးအတွက် lcd စမ်းသပ်မူလိုခေါ်တဲ့ ဒီနံပါတ်ကိုနှိပ်ကာ *#*#0*#*#* စမ်းကြည့်နိုင်ပါတယ်။


=========================================================

0 comments:

Post a Comment

 

IT နည်းပညာ ၀ါသနာပါသူများ apk

IT နည်းပညာ ၀ါသနာပါသူများ apk
ဖုန်းထဲတွင် တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ရန် ဒါလေးကို ဒေါင်းထားပါ လိုအပ်ချက်ရှိခဲ့ရင်လည်း comment တွင် ပြောပေးခဲ့ပါ အဆင်ပြေအောင်အတတ်နိုင်ဆုံးပြုလုပ်ပေးသွားမှာပါ

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းများ

ကျေးဇူးတင်ပါတယ်...

ကျေးဇူးတင်ပါတယ်...