Facebook အကောင့်တွေ Hack ခံရတာတွေနဲ့ပတ်သက်ပြီး Facebook အသုံးပြုသူတွေသိထားသင့်တာလေးတွေပါ.........(Knowledge)
Facebook acc တွေ Hack ခံ ရတာတွေ Page တွေ Hack ခံရတာတွေ က FB ပေါ်မှာတော့ ပေါ်ပြူလာ တစ်ခု လိုဖြစ်နေပါပြီ။ ဒီတော့ အဟက်ခံ ရတဲ့ သူတွေ ကလဲ မကျေနပ် ပြန် Hack မယ်ကွ ဘာညာဆိုပြီး ဟိုလူမေး ဒီလူမေး ဟို IT Group ကိုမေး ဒီIT Group ကိုမေးနဲ့ မေးကြပါတယ် ။တစ်ချို့ ကတော့ Hacker ဖြစ်ချင်လို့ သင်ပေးပါလားလို့ ပြောကျလေ့ ရှိပါတယ်။
တကယ်တော့ အဓိက အရေးကြီးဆုံးအချက်ဟာ သူများကို Hack ဖို့ နောက်ထားဦး
ကိုယ့်ကို ကိုယ် လုံခြုံ အောင်ကာကွယ်ဖို့ အရင်လေ့ လာသင့်တယ်ဆိုတာကို
အတော်များများ က သဘောတွေ့လေ့ မရှိပါဘူး Hack မယ် Hack လို့ ရရင်ပြီးရော
ဆိုတာမျိုး တွေ ရှိတတ်ကျပါတယ်။
တကယ့်တကယ် Hacker များ ကို သင်ပေးပါလို့ သွားမေးကြည့် ပါ ဘယ်သူမှ သင့်ကို သင်ပေးလိမ့်မည်ဟု မမျှော် လင့်ပါနဲ့ ။Hack ကာနည်းပညာရဲ့ အဓိကအသက်သွေးကြော ဟာ
Knowledge ဖြစ်ပါတယ်။ Knowledge မပြည့်စုံပဲ Hacker ဖြစ်ဖို့ မစဉ်းစားပါနဲ့ ။
Knowledge အတွက် ကျွန်တော်တို့တွေဟာ Learning. လုပ်ရပါတယ်။ တော်တော်များများ က တစ်ခုခုမေးလာလို့ ကျွန်တော်တို့ တစ်ခါတရံ ဖြေတဲ့ အချိန် Google မှာရှာပါဆို မကြိုက်ချင် ကြပါဘူး။လက်လွတ်စပယ် ပြောလိုက်တယ်လို့ ထင်တတ်ကြပါတယ်။
အမှန်တကယ်ကို Google အသုံးပြုသူတွေဟာ
Google ဟာ နှိုက်လို့ ကောင်းတဲ့ Knowledge တွင်းကြီးဆိုတာ သိကြပါတယ်။
ကျွန်တော်အာမခံနိုင်တာကတော့ တစ်ခု ရှာလျှင်
ဆယ်ခုလောက်ကိုယ့်အတွက် ပြန်ရသွားတတ်ပါတယ်။
ကဲ နိဒါန်ကတော်တော်ရှည်သွားပြီ ကျွန်တော် အခုပြောမှက FB acc တွေ Page တွေ အဟက်ခံ ရတာနဲ့ ပါတ်သက်ပြီး ပြောမှာဖြစ်ပါတယ် ။
ကျွန်တော် Hack နည်းပြောပြမှာမဟုတ်ပါဘူး။
ဘယ်လို အဟက်ခံရနိုင်တယ် ဘယ်နည်းနဲ့ Hack ကြတယ် ဘယ်လို သတိထားနိုင်တယ် ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာကိုပဲပြောသွားမှာဖြစ်ပါတယ်။
ကျွန်တော်ဖတ်ဘူးတဲ့ စုံထောက်ဝတ္တုထဲက ဆားပုလင်းနှင်းမောင် ပြောတဲ့ စကားနဲ့. ဥပမာပေးပြောရရင်
"ရန်သူကိုဖမ်းဖို့ ရန်သူနေရာမှအရင်နေကြည့်ပြီးတော့ မှ ဘယ်လို ဖမ်းလဲ သိနိုင်မယ်" ဆိုတဲ့အတိုင်း
ကာကွယ်နည်း သိထားရင်တော့ Hack နည်းဆိုတာ အထက်ကပြောတဲ့ စကားနမူနာအတိုင်းပဲပေါ့ဗျာ ။
အခု လတ်တလောမှာ အဟက်ခံနေရတဲ့ acc တွေ page တွေ group တွေ ဟာ အဓိက အားဖြင့် SE (injection) ထိုးခြင်း လို့ခေါ်တဲ့
Social Engaging. ပါ ။
Social Network Engaging (injection) Attack. ပြုလုပ်တာ ဖြစ်ပါတယ်။
တော်တော်ကြာခဲ့တဲ့ နည်းဟောင်းပါ။
သူတို့တွေ SEထိုးရာမှာ အသုံးပြုတဲ့ add on /Phishing /Keylogger တို့ ကိုအသုံးပြုပြီး
လိမ်လည်လှည့်ဖြား ကာ စိတ်ဝင်စားဖို့ link တွေ ချ ပေးပြီး acc တွေ ခိုးတာပဲဖြစ်ပါတယ်။
မဝေးသေးတဲ့ အဖြစ်ပျက်တစ်ခု ဆို ရင် Internet Journal Page မှ လူများလို ချင်အောင် ရွန်းရွန်းဝေရေးပြီး IDM နှင့် Keylogger တွဲ ရက်လေး ချပေးလိုက်တော့ ပါသွားတဲ့ အကောင့်တွေ မနဲပါဘူး ။
ဒါက Hacker ရဲ ဥာဏ်နဲ့ သူ့ရဲ့ ဇာတ်ညွန်းကောင်းရင်ကောင်းသလောက် စတင်းအသုံးပြုသူတွေကို မသိနားမလည် သူတွေကို ရည်ရွယ် တိုက်ခိုက်ပါတယ်။
မြန်မာပြည်ရဲ့ ကလိန်အကျဆုံးနဲ့ အညစ်ပတ်ဆုံး
Hacker Group တစ်ခု ရှိပါတယ် အားလုံးသိမှာပါ နာမည်တော့မပြောတော့ပါဘူး။
ဒီကောင်တွေ ဟာ ဒီ SE နည်းလေးနဲ့ add on လေးထည့်လိုက် Keylogger လေးထည့်လိုက်
Phishing လေးလုပ်လိုက်နဲ့ အင်တာနက် စသုံးသူတွေရဲ့ acc တွေကို Hack ပြီး လေကြီးလေကျယ် နှင့် စာတွေရေး ပုံလှလှလေးတွေကြောက်အောင်တင်ပြီး ဖိန့်ဖိန့် လုပ်နေတာကြာပါပြီ ။
SE ထိုးသူတို့ ရဲ့ လုပ်ကွက်တွေ ကတော့ သူငယ်ချင်းအဖြစ် add မယ် ။ယုံကြည်လာရပြီဆိုတော့မှ link လေးတစ်ခု ချပေးပြီး ဒီးဂိမ်းလေးကြည့်ကြည့်ပါလား ဒီ Website void ပေးလို့ရတယ် ဘာညာနဲ့ လူစိတ်ဝင်စားပြီး ပေါ်ပြူ လာဖြစ်တဲ့ အကြောင်းအရာတွေကို ဥာဏ်ရှိသလိုရေးပြီး
လူစိတ်ဝင်စားနိုင်အောင် ဇာတ်ညွှန်းရေးနိုင်တဲ့
သူက အကောင်များများပို Hack နိုင်မှာ ပါ။
ဒါကြောင့် ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှမယုံပါနဲ့ အယုတ်စွ ဆုံး ကိုယ့်ချစ်သူ ကိုယ့် ညီအကို မောင်နှမ တောင်မယုံပါနဲ့ (အပြင်မှာမယုံခိုင်းတာမဟုတ်ဘူးနော်)
ဥပမာပြောရရင် တိုက်ရိုက် SE မထိုးပဲ သွယ်ဝိုက်ထိုးလာနိုင်ပါတယ် ။သဘောက သင်နဲ့ ရင်နှီးသူတစ်ယောက်ယောက်ရဲ့ acc ကို Hacker ကရထားရင် သင့်ရင်းနှီးသူပုံစံနဲ့. အရူးကွက်နင်းကာ Link လေးတွေ ချပေးကာ
သင့်ယုံကြည်မှု့ နှင့်အတူ သင့်အကောင့်ပါ သမ သွားနိုင်လို့ ပါ။
ဒီတော့ ဒါတွေကို ဘယ်လို ကာကွယ်မလဲ ရှင်းပါတယ် ဘယ်သူ link ချပေးပေး မယုံပါနဲ့
တစ်ချို့ Hacker များကတော့ Group တွေဖွဲမယ် Page တွေထောင်မယ် ပြီးရင် စိတ်ရှည်ရှည်လေးနေပြီးမှ ယုံကြည်မှု့ ရလာတဲ့ အချိန်မှာ အကောင့်များစွာကို သမသွားနိုင်ပါတယ် ။
အဲ့တော့ ဘယ်သူမဆို social network ပေါ်မှာ link ပေးလာခဲ့ ရင် မယုံပါနဲ့ ။
ဒါဆို ဘားမှမဒေါင်းရတော့ ဘူးလား??
အဲ့လိုမဆိုလိုပါဘူး သတိထားပြီး link ကို scan လုပ်ကာ ရှင်းလင်းသွားမှ ဒေါင်းပေါ့ အချိန်လေး တစ်မိနစ်လောက်သာပိုကြာမှာ ကို မပျင်းပါနဲ့ ။
Link Scan လုပ်တဲ့ Website မျာစွာရှိပါတယ် ။အသုံးပြုနည်းကလဲ မိမိ ကိုပေးဒေါင်းတဲ့ link တစ်ခုခုကို copy ယူပြီး
အဲ့ဒိ linkscanner website တစ်ခုခုကို သွား
Link ကို paste လုပ်ပြီး scan လုပ်လိုက်တာနဲ့ ဒီ link ဟာစိတ်ချရလားမချရဘူးလား ဖော်ပြပေးနိုင်ပါတယ်။ သူက Warning တစ်ခုခုပါရင် အဲ့ဒိ link ကိုရှောင်လိုက်ပါ။
ကျွန်တော် Recommend ပေးလိုတဲ့ link တွေကတော့
http://onlinelinkscan.com/
http://scanurl.net/
https://www.virustotal.com/
ဒါဆိုရင် သင့်ရဲ့ Facebook acc တို့ Gmail acc တို့ က လွယ်လွယ်ကူကူ hack နိုင် ရန် မလွယ်တော့ပါ
မည်သူမှ Facebook Server ကိုတတ် Hack နိုင်ရန် မလွယ်ပါ ။ဒါကြောင့် သင့်အကောင့်ဟာနေရင်းထိုင်ရင်း fb server ကနေ ပါသွားစရာ အကြောင်းကိုမရှိပါဘူး သင့်ရဲ့ ညံ့ဖျင်းမှု့ ကသာ သင့်အကောင့်ကိုဆုံရှုံးစေတာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေပါစေ ။
(ကျွန်တော်ဟာ Hacker မဟုတ်ပါဘူး ၊ဘားမှလဲ မဟုတ်ပါဘူး ။လေ့လာသူ သာဖြစ်ပါတယ်။)

Credit >>>>> Iam Mgmya Pbu shared Thet Paing Tun's photo.
Rating:
100%
based on 10 ratings.
5 user reviews.
0 comments:
Post a Comment